ထားဝယ် ဖေဖော်ဝါရီ ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၏ အနီးကပ်ကြီးကြပ်မှုဖြင့် သရက်ချောင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ အိမ်ရှေ့ပြင် ရွာတွင်းလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ % ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ထို့နောက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက လုပ်ငန်းတာဝန်ခံအင်ဂျင်နီယာ၊ စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ သရက်ချောင်းမြို့နယ်၊ အိမ်ရှေ့ပြင်ရွာတွင်းလမ်း (၀/၄) မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် အကောင်ထည်ဖော်ဆောင်ရွက် ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)