မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကလေးများ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်းနှင့် ပုံပြင်ပြောခြင်း ဆောင်ရွက်

မူဆယ် ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ကလေးစာဖတ်ခန်းတွင် ကလေးများဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်းနှင့် ပုံပြင်ပြောပြိုင်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နွေရာသီကျောင်းပိတ်ရက်တွင် ကလေးများအချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်းနှင့် ပုံပြင်ပြောပြိုင်ခြင်းများကို ဆောင်ရွက်ခဲ့ရာ နှစ်ဆုံးစာမေးပွဲ ဖြေဆိုပြီးသည့် ကလေးများကပါဝင်ခဲ့ကြသည်။ ပုံပြင်ပြောပြိုင်ခြင်းကို ဆောင်ရွက်ရာ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က ပုံပြင်ကိုဦးစွာပြောပြပြီး ကလေးများက အလှည့်ကျပြောပြခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြထားသည့် လူငယ်ရေးရာနံရံကပ်စာစောင်များ၊ ပြိုင်ပွဲဝင်ပန်းချီကားများနှင့် တိုင်းရင်းသားရိုးရာ အသုံးအဆောင်ပစ္စည်းများ၊ အေးချမ်းသာယာပြည်မြန်မာ မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)