ကော့သောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

ကော့သောင်း ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် (191)စတေကာ ကပ်နှံခြင်းများကို ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့အတွင်းရှိ လမ်းဆုံလမ်းခွများ၊ လမ်းသွားလူလာများပြားစည်ကားရာနေရာများတွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးဦးမျိုးသူရဝင်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇော်မိုးဦးဆောင်၍  သန္ဓေတပ်ဖွဲ့ဝင်နှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်တို့သည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပေါ်ပါက အလွယ်တကူ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အပြင်မသွားမီသတိပြုရမည့်အချက်များ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ၊ ဆေးလိပ်သောက်ခြင်းတွင် လိုက်နာရမည့်အချက်များစသော အကြောင်းအရာများပါဝင်သော မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌‌ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြပြီး မီး‌ဘေးအန္တရာယ်တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက မီးသတ်ဦးစီးဌာနရုံးသို့ ချက်ချင်း အကူအညီတောင်းခံနိုင်‌ရေးအတွက် အရေးပေါ်ဖုန်းခေါ်ဆိုနိုင်ရန်  (191)စတေကာများ ကပ်နှံခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)