တောင်ကြီး ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့၊ အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ WIN EVEREST COMPANY LIMITED မှတာဝန်ယူဆောက်လုပ်သည့် အကျယ်(၉၀'x၃၀')ပေရှိ RCC(၁)ထပ်သိပ္ပံဆောင်နှင့် အကျယ်(၄၀'x၃၀')ပေရှိ RCC(၁)ထပ် စာကြည့်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ပန်သခွား)သို့ သွားရောက်၍ KT Empire COMPANY LIMITED မှ တာဝန်ယူတည်ဆောက်သည့် အကျယ်(၉၀'x၃၀')ပေရှိ RCC(၁)ထပ် စာသင်ဆောင်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးက သတ်မှတ်စံချိန်စံညွှန်းပြည့်မှီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ Royal Aungban Co.,Ltd မှ တာဝန်ယူဆောက်လုပ်သည့် အကျယ်(၁၁၀'x၃၀')ပေရှိ RCC(၃)ထပ်ဆောင် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)