ရန်ကုန် ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် အိမ်တိုင်း အိမ်တိုင်း မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ အခါအားလျှော်စွာ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ စည်းကမ်းချက်များ၊ တားမြစ်ချက်များကို သိရှိနိုင်စေရန် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်မှုအား ယမန်နေ့ညပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကမာရွတ်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဝင်းဝင်းထွန်းဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င်တို့က မြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဆောင်ရွက်ထားရှိရန် မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို ကမာရွတ်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်ဆက်)