ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုများ စစ်ဆေး

ကျောက်တန်း ဖေဖော်ဝါရီ ၁၈

ကျောက်တန်းမြို့နယ်၊ သီတာမြိုင်ရပ်ကွက်ရပ်ကွက်အတွင်း မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် အသိပညာပေးဆောင်ရွက်မှုကို ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဇော်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အိမ်ခြေ(၁၂၀)အား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ ဟောပြောခြင်း၊ အသိပညာပေးခြင်း၊ ဆောင်ရန်ရှောင်ရန်များနှင့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက အရေးပေါ်မီးသတ်ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်ရန် ဖုန်းနံပါတ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)