စမ်းချောင်း ဖေဖော်ဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မီးလန့်မှု၊ မီးလောင်မှုများမဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မီးသတိမူရေး လိုက်လံနှိုးဆော်မှုအား ယမန်နေ့ည (၇)နာရီခွဲအချိန်က လိုက်လံနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲသူရအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့၀င်တို့က မြို့နယ်အတွင်းရှိ ပြည်သူများအား မီးဘေးအန္တရာယ်မဖြစ်ပွားစေရေး၊ မီးကိုသတိပြုသုံးစွဲရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီသတင်းပေးပို့ကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား အသိပညာပေးနှိုးဆော်ခြင်းကို စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လိုက်လံနှိုးဆော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း