ကျောက်ကြီး ဖေဖော်ဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၈ နာရီအချိန်ကစတင်၍ မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် အခြေခံပညာမူလတန်းအဆင့်၊ အခြေခံပညာအလယ်တန်းအဆင့်နှင့် အခြေခံပညာအထက်တန်းအဆင့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းအား မြို့နယ်ပညာရေးမှူးရုံး၏ စီမံညွှန်ကြားမှုဖြင့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဦးဆောင်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အခြေခံပညာအလယ်တန်းအဆင့်တွင် သင်တန်းသားစုစုပေါင်း (၆၆)ဦးအား ဆရာ/ဆရာမ (၉)ဦးမှလည်းကောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် သင်တန်းသားစုစုပေါင်း (၁၄)ဦးကို ဆရာ/ဆရာမ (၈)ဦးမှလည်းကောင်း၊ ယနေ့ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ဖေဖော်ဝါရီ ၂၃ ရက်နေ့အထိ (၇)ရက်တာ နံနက် ၈ နာရီမှ ၁၀ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ပြောကြားချက်အရသိရသည်။
ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်နေမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး အလှူငွေများထောက်ပံ့ပေးအပ်ရာ မြို့နယ်ပညာရေးမှူးနှင့် အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံယူခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)