ညောင်ရွှေ ဖေဖေါ်ဝါရီ ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် သမဝါယမဦးစီးဌာနသည် မိတ်ဖက်အဖွဲ့အ စည်းများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများဖြစ်ကြသသည့် စီမံကိန်းသီးနှံ နွေစပါးစိုက်တောင်သူများသို့ သီနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများပံ့ပိုးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျော့မောင်ငယ်ကျေးရွာ မနောသုခစိုက်ပျိုးထုတ်လုပ်ရေး၊ သလဲဦးကျေးရွာ ရောင်နီဦးလယ်ထွေနှင့် လွယ်မောကျေးရွာ ရွှေမင်းသားစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း သားတောင်သူများ၏ နွေစပါးသီနှံစီမံကိန်း အထောက်အကူဖြစ်စေရန်နှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် သမဝါယမဦးစီးဌာန၊ မြို့နယ်သမဝါယမအသင်းစုနှင့် ဆုလာဘ် ကုမ္ပဏီမှစိုက်ပျိုးရေးဆိုင်ရာ အသပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး Leo မြေသြဇာ၊ Thai Powerမြေသြဇာနှင့် ဆုလာဘ်မြေသြဇာ စုစုပေါင်း (၇၅၇)အိတ်အား အသင်းသားများလက်ဝယ် အရောက် ပံ့ပိုးပေးခဲ့ကြောင်းသိရှိရသည်။
ညောင်ရွှေမြိုနယ်အတွင်း သမဝါယမအသင်းများမှ နွေစပါးစိုက်ဧက (၁၆၀၀) လျာထား စိုက်ပျိုးလျှက်ရှိပြီး အသင်းသားများ၏ စိုက်ပျိုးထားရှိမှုအပေါ် နည်းပညာနှင့် သွင်းအားစုလိုအပ် ချက်များကို ဆက်လက်ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ