ခရမ်းမြို့နယ်၌ ဇိဝလုံခြုံမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ခရမ်း ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊‌ ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာ၊ မက္ကသန်ကျေးရွာနှင့် ကမာကလူကျေးရွာများ၌ ယနေ့နံနက်က ဇီဝလုံခြုံမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ကျင်းပခဲ့‌ကြောင်း သိရသည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး Dr စုစုလှဝင်းက ဇီဝလုံခြုံမှုနှင့် လုပ်ဆောင်ရမည့် အချက်အလက်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော မွေးမြူသူ‌တောင်များမှ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ  ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)