ချမ်းမြသာစည်မြို့နယ်၌  ​မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ကန်သာယာရပ်ကွက် အကွက်အမှတ် (ဗ-၂ နှင့်ဗ-၃) တွင်  မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်စွာမင်း ဦးဆောင်၍  သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ( ၁၅) ဦး၊ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ မီးအသုံးပြုမှု အခြေအနေများ စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုမှု အခြေအနေများ စစ်ဆေးခြင်း၊ ရေငုတ်များ ရေရရှိရေး စစ်ဆေးပြီး မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး ပစ္စည်းများဖြစ်သော မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေး မှာကြားပြီး မီးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)