ဒဂုံမြောက် ဖေဖော်ဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များဖြစ်သော Denko-1 ၊ Denko-2 ၊ Denko-3 နှင့် မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တို့အား မီးလောင်မှု/ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃)ဦးတို့နှင့်အတူ ဆိုင်တာဝန်ခံ၊ ဝန်ထမ်းများနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ပြည်သူများ မီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောက်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ