ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံမြောက် ဖေဖော်ဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအ‌ရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့ က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများမဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း စက်သုံးဆီအ‌ရောင်းဆိုင်များဖြစ်သော Denko-1၊ Denko-2၊ Denko-3 နှင့် မြတ်မေတ္တာမွန် စက်သုံးဆီအရောင်းဆိုင်တို့အား မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးတို့နှင့်အတူ ဆိုင်တာဝန်ခံ၊ ဝန်ထမ်းများနှင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်မဖြစ်‌ပေါ်စေရေးအတွက် ပြည်သူများမီးသတိပြုရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတိပေးဆော်သြခြင်း၊ နှိုးဆော်ခြင်းနှင့်စစ်ဆေးခြင်းတို့ကို စဉ်ဆက်မပြတ်ဆောက်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မြင့်မြင့်ရီ