(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲ နောက်ဆုံးရက်တွင် ဈေးဝယ်လာ ပြည်သူများဖြင့် စည်ကား

ရန်ကုန် ဖေဖော်ဝါရီ ၁၇

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိရာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နောက်ဆုံးရက်တွင် ဈေးဝယ်လာပြည်သူများဖြင့် စည်ကားခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲတွင် MSME ထုတ်ကုန်အရောင်းဆိုင်များဖြစ်သည့် လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် အစားအသောက်စသည်တို့ကို ရောင်းချနေမှုများ၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဆီရောင်းချနေမှုများ၊ ပွဲတော်လာပြည်သူများအား စတုဒီသာ ကျွေးမွေး နေမှုများ၊ ပုံတူပန်းချီ ရေးဆွဲနေမှုများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဒေသထွက်ကုန်များ၊ စာအုပ်အရောင်းဆိုင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ ပြခန်းများစသည်တို့တွင် လာရောက်လေ့လာကြည့်ရှုသူများနှင့် ဈေးဝယ်ယူအားပေးကြသူ ပြည်သူများဖြင့် စည်းကားလျက်ရှိရာ နောက်ဆုံးရက်အဖြစ် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများက လာရောက်ကြည့်ရူအားပေးကြပြီး ဈေးရောင်းချနေမှုများနှင့် ဈေးဝယ်လာသူများ၊ ပွဲတော်သို့ လာရောက်လည်ပတ်ကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး ကိုယ်တိုင်လည်း ဝယ်ယူ အားပေး ကြသည်။

ထို့ပြင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲတွင် ယမန်နေ့ ညပိုင်းက ပြည်သူများက အလှဆင်မီးများဖြင့် အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ နိုင်ငံကျော်တေးသံရှင်များနှင့် ဒီဂျေ (Dj) များဖြင့် ဖျော်ဖြေတင်ဆက်မှုများကို လူငယ်လူရွယ်အများအပြားက ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာဖြင့် အတူလိုက်ပါ သီဆိုကခုန်ခြင်းများဖြင့် ပျော်ရွှင်စွာ ဆင်နွှဲကြနေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့က ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံကျော် တေးသံရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ရန်ကုန်တိုင်းဒေသကြီး ကဏ္ဍအလိုက် ဌာနဆိုင်ရာ ပြခန်းများ ပြပွဲနှင့် ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ ခုနှစ်၊ ကျင်းပလျက်ရှိပြီး ပွဲတော်သို့လာရောက်ကြသူများ အဆင်ပြေချောမွေ့စေရန်အတွက် YBS မော်တော်ယာဉ်များ စီစဉ်ဆောင်ရွက်ထားသဖြင့် လာရောက်လည်ပတ်သူများ စိတ်ချမ်းမြေ့စွာ အထူးစည်းကားလျှက်ရှိကာ အဆိုပါပွဲတော်ကို ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)