တိုက်ကြီး ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မီးသတ်ဦးစီးဌာန၏ မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်း ဆောင်ပုဒ်နှင့်အညီ မီးဘေးအန္တရာယ်ဖြစ်ပွားပါက အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ အသိပေးဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၈ နာရီက တာခွကျေးရွာ၊ ရန်ကုန်-ပြည် ကားလမ်းဘေးတွင် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ချစ်ထက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာပြည်သူများက သင့်ကြောင့် မီးမလောင်ပါစေနှင့်၊ အရေးပေါ်ဆက်သွယ်ရန် ဖုန်းနံပါတ် ၁၉၁ နှင့် တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူးရုံး၊ ဥက္ကံနယ်မြေမီးသတ်စခန်း၊ အဖျောက်နယ်မြေမီးသတ်စခန်း၊ ဥက္ကံအရန်မီးသတ်စခန်း၊ နိဗ္ဗာန်ချမ်းသာမင်္ဂလာအသင်းတို့၏ ဖုန်းနံပါတ်ပါ အသိပေးဆိုင်းဘုတ်အား စုပေါင်းစိုက်ထူခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)