ပေါင်းတည် ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ခန်းမ၌ ယနေ့ နံနက် ၈ နာရီနှင့် နေ့လယ် ၁ နာရီတို့တွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က အန္တရာယ်ဖြစ်နိုင်ခြေသိရှိ သတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းနှင့် ပက်သက်၍ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကြည်ထွန်းက အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာသူ ပြည်သူများအား အသက်အန္တရာယ် မကြုံတွေ့နိုင်စေရေးနှင့် ဘေးကင်းလုံခြုံစွာ ပြုမူနေထိုင်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ဘေးအန္တရာယ်များဆိုင်ရာ အကြောင်းအရာများနှင့် ရှောင်ရန်ဆောင်ရန် အချက်များကို ကြိုတင်သိရှိနိုင်စေရန် အသိပညာပေး ဟောပြောသည်။
ထိုဟောပြောပွဲသို့ နေရပ်စွန့်ခွာ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဘေးအန္တရာယ်များဆိုင်ရာများနှင့် ရှောင်ရန် ဆောင်ရန် အချက်များ ပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD)