သံဖြူဇရပ်မြို့နယ်ရှိ စက်စဲကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိ

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် သံဖြူဇရပ်မြို့နယ် စက်စဲကမ်း​ခြေ၌ အနယ်နယ်အရပ်ရပ်မှ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါ စက်စဲကမ်းခြေတွင် ရုံးပိတ်ရက်​ ကျောင်းပိတ်ရက်များဖြစ်သည့် ယနေ့တွင် အနယ်နယ်အရပ်ရပ်မှ အပန်းဖြေလာရောက် ရေကစားသူများနှင့် ကျိုက္ခမီဆုတောင်းပြည့် ​ရေလယ်ဆံ​တော်ရှင်မြတ်ဘုရားကြီးအား လာ​ရောက်ဖူးမျှော်ပြီးအပြန် စက်စဲကမ်း​ခြေသို့ ဝင်​ရောက်အပန်း​ဖြေရေကစားသူများဖြင့်လည်း အထူးစည်ကားလျက်ရှိရာ ​ရေကစားသူများ စိတ်အေးချမ်းမြေ့စွာ အပန်းဖြေရေကစားနိုင်ရေး လုံခြုံရေးများထားရှိပြီး ကမ်းခြေသန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အတွင်းရှိ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး  ကမ်းခြေတစ်လျှောက် အနယ်နယ်အရပ်ရပ်မှ အပန်းဖြေရေကစားသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)