ဇမ္ဗူသီရိ ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ သာယာကုန်းကွက်သစ်၊ ဇော်ဂျီလမ်း၊ ဖိတ်ဖိတ်ရောင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဖွင့်လှစ်ရောင်းချနေသော ရွှေမန်းအဟောင်းဆိုင်၌ ယမန်နေ့နံနက် ၁၀:၄၅ အချိန်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးစီး၍ သန္ဓေ၊ အရန်တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား(၈၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁၀)စီး၊ ရေသယ်ယာဉ်(၅)စီးတို့ ရောက်ရှိပြီး မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁:၂၅ အချိန်တွင် မီးငြှိမ်းနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပွားရာနေရာသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ ခရိုင်ရဲမှူး ဒုရဲမှူးကြီး သိန်းထွန်းဇော်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရွှေကြာပင်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ ရွှေမန်းအဟောင်းဆိုင်မန်နေဂျာမှ ဖိတ်ဖိတ်ရောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း တိုင်ထောင်သွပ်မိုး အရှည် (၈၀x၁၅) ပေ Steel Structure ဂိုထောင်အဆောက်အဦတွင် ကတ်ထူ၊ ပီနံအိတ်များထားရှိပြီး ဂျပ်ဖာများအား ကတ်ထူဖိသည့်စက်ဖြင့် ဖိနှိပ်ခြင်းဆောင်ရွက်နေစဉ် စက်အင်ဂျင်အပူရှိန်လွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ တစ်လုံး၊ ဂျက်ဖာများဖိနှိပ်သည့် ဒီဇယ်အင်ဂျင်စက် (၁)လုံး၊ အဟောင်းပစ္စည်းပိဿာချိန် (၁၆၀၀) ပျက်စီးဆုံးရှုံးခဲ့ပြီး၊ လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)