မိုးညှင်း ဖေဖော်ဝါရီ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအား မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက အဆိုပါခရိုင်ဦးစီးဌာန၌ ဆောင်ရွက်သည်။
ဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်တွေ့သရုပ်ပြသရခြင်းနှင့်ပတ်သက်၍ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက မီးဘေးအန္တရာယ်အသိပညာပေးနှင့်ပတ်သက်၍ မီးလောင်မှု မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်မှုစတင်ဖြစ်ပွားသတ်သည့် အကြောင်း အရင်းများ၊ မီးငြိမ်းသတ်ပုံ၊ မီးငြိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အသုံးပြုပုံနည်းစနစ်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက မီးလောင်မှု မီးလန့်မှုဖြစ်ပေါ်လာပါက အရေးပေါ် မီးငြိမ်းသတ်ခြင်းများနှင့် မီးသတ်ဆေးဘူးဖြင့်အသုံးပြု၍ မီးငြိမ်းသတ်ခြင်းများကို ရုံးပင်မဆောင်ရှေ့တွင် လက်တွေ့သရုပ်ပြသပြီး ခရိုင်/မြို့နယ်ဝန်ထမ်းများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း