ရန်ကုန် ဖေဖော်ဝါရီ ၁၅
သန်လျင်ခရိုင်၊ သန်လျင်မြို့ ဗဟို(မူလွန်)ကျောင်း နှစ် (၁၀၀) ပြည့် ရာပြည့်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီတွင် ယင်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပွဲတော်ကျင်းပရေးနာယက ဒေါက်တာ ဦးဝင်းနှင့် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းတို့က ရာပြည့်ပွဲတော် ကျင်းပရေး ကြိုတင်ပြင်ရမည့် လုပ်ငန်းများအား ဆွေးနွေးမှာကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများနှင့် ကျောင်းသား ကျောင်းသူဟောင်းများက ရန်ပုံငွေရှာဖွေရေး၊ အကြိုဈေးရောင်းပွဲတော်ကျင်းပရေး၊ အမှတ်တရပစ္စည်းများ စီစဉ်ရေး ဆွမ်းဆက်ကပ်လှူဒါန်းရေး အထိမ်းအမှတ် စာကြည့်တိုက်၊ ကျောက်တိုင်များ စိုက်ထူဆောင်ရွက်ရေးတို့အား အကြံပြုဆွေးနွေး တင်ပြကြရာ ဆုံးဖြတ်ချက်များ ချမှတ်၍ ရှေ့လုပ်ငန်းစဉ်များ အတည်ပြုခဲ့ကြကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)