ဗဟန်း ဖေဖော်ဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်( ဗဟန်း) Community Centre ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် (၁၁) နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းစိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသော "လူငယ်နှင့်ဇွဲ" စာအုပ်ပါ "ချစ်သောမျက်စိဖြင့်ကြည့်ပါ" ခေါင်းစဉ်ပါ အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးပါသည်။ ထို့နောက် တက်ရောက်လာကြသည့် Youth Club အဖွဲ့ဝင်များက "တန်ဖိုးအရှိဆုံးအရာ"၊ "အောင်မြင်မှုခရီး"၊ "လူငယ်နှင့်အနာဂတ်"၊ "စာဖတ်လေလေတိုးတက်လေလေ" အစရှိသော ခေါင်းစဉ်အသီးသီးဖြင့် ဖတ်ကြားပြီး စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းများကို ပြည်သူများနှင့် လူငယ်များစာပေ ဖတ်ရှုသည့် အလေ့အထများ ဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာပေချစ်မြတ်နိုးသူများအသင်း Book Club၊ Woman Club နှင့် Youth Club အသင်းများဖြင့် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)