(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်

ဆိပ်ကြီးခနောင်တို ဖေဖော်ဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားလှုပ်ရှားမှုအဖြစ် ရပ်ကွက်ပေါင်းစုံ အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အားကစားခန်းမတွင် ကျင်းပသည်။

ဦးစွာ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ခနောင်တိုအရှေ့ရပ်ကွက်အသင်းနှင့် ဌာနပိုင်းအသင်းတို့ ယှဥ်ပြိုင်ကစားရာ ဌာနပိုင်းအသင်းက အနိုင်ရရှိခဲ့ပြီး ပထမ ရရှိသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိခဲ့သည့် အသင်းများနှင့် အားကစားသမားများအား တံခွန်စိုက်ဆုဖလား၊ ငွေသားနှင့် ဆုတံဆိပ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် ပြိုင်ပွဲဝင်အသင်း ၉ သင်းဖြင့် ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)