တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

ထားဝယ် ဖေဖော်ဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ် ငန်းများဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းအနောက်ဘက်ရှိ မြေနေရာတွင် ကျောင်းသား/သူများအတွက် ဘောလုံးအားကစားကွင်းတည်ဆောက်ပြီးစီးနေမှုနှင့် ကျောင်းအား ကြည့်ရှုစစ်ဆေးကာ ကျောင်း၏လိုအပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း သူနာပြုသင်တန်းသား/ သူများအတွက် လိုအပ်လျက်ရှိသော မီးဖိုဆောင် (၃၀’×၂၀’×၂၀’) ဆောက်လုပ်ပြီးစီးနေမှုနှင့် ချက်ပြုတ်ကျွေးမွေးသည့်နေရာများ၊ စားသောက်ဖွယ်ရာများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်သူများအနေဖြင့် နေ့စဉ်ကြုံတွေ့နေရသည့် ဘေးဒုက္ခအန္တရာယ်များအား ခေတ်နှင့်အညီ ITနည်းပညာအသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့အကူအညီတောင်းခံနိုင်ရန်၊ အကူအညီတောင်းခံလာသည့် သတင်းပေးပို့ချက်များအား မီးသတ်ဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင် ရွက်နိုင်ရန်၊ မီးသတ်ဦးစီးဌာန၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား အားကိုးယုံကြည်မှုရရှိနိုင်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များအား ကာကွယ်စောင့်ရှောက်ရာတွင် IT နည်းပညာဖြင့် အထောက်အကူဖြစ်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိသည့် ICT နည်းပညာအသုံးပြုဝန်ဆောင်မှုစနစ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးက ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် Command and Control Center အားတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတွင် စတင်အသုံးပြုခဲ့ကြောင်းနှင့် ICT နည်းပညာအသုံးပြုဝန်ဆောင်မှုစနစ်များအကြောင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကိုလမ်းညွှန်မှာကြားသည်။

ဆက်လက်၍ မကြာမီကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးပြုလုပ်ကျင်းပမည်ဖြစ်သောကြောင့် လွှတ်တော် အစည်းအဝေးအဆင်သင့်ကျင်းပနိုင်ရေးအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက လွှတ်တော်ရုံးအဆောက်အဦပုရဝုဏ်အတွင်း၊ အပြင် သန့်ရှင်းသပ်ရပ်စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များနားနေဆောင်များ၌ အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လွှတ်တော်ရုံးအစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ဧည့်ခန်းမ၊ နားနေခန်းအား လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လွှတ်တော်ရုံးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာလှပစေရေး ဆောင်ရွက်ပေးကြရန်၊ မကြာမီကာလအတွင်းလွှတ်တော်အစည်းအဝေးများ စတင်ကျင်းပမည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆောင်ရွက်ထားရှိကြရန် လိုအပ်ကြောင်း တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)