ပြင်ဦးလွင်မြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၄

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်တွင်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့၊  မိုးကြိုးကွက်သစ်၊ ဇေယျာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြင်ဦးလွင်မြို့၊ မိုးကြိုးကွက်သစ်မှ တာ၀န်ရှိသူတစ်ဦးက အဖွင့်အမှာ စကားပြောကြားပြီး အမှတ်(၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးခင်မောင်မြင့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ တပ်ကြပ်ကြီး အေးစိုး(ဇင်ယော်)က “လမ်းမများပေါ်မှ အသံထွက်လူသတ်သမားများ”‌ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းမှ တာ၀န်ရှိသူများ၊ ပြင်ဦးလွင်မြို့၊  မိုးကြိုးကွက်သစ်မှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 သွေးသွေး (ပြန်/ဆက်)