ကျောက်တန်း ဖေဖော်၀ါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအလွတ်တန်း ဘောလုံးပြိုင်ပွဲဆုပေးပွဲ အခမ်းအနားကို ဖေဖော်၀ါရီ ၁၂ ရက်နေ့ ညနေ (၅) နာရီက၊ ကျောက်တန်းမြို့စံချိန်မီရပ်ကွက် ဘောလုံးကစားကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ အမှာစကား ပြောကြားပြီး တိုက်နယ်ပေါင်းစုံအလွတ်တန်းဘောလုံးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့ဦးက ဆုရရှိသည့် အသင်းများကို မုဒိတာစကား ပြောကြားခဲ့သည်။
ယနေ့ ကမာကလုတ် FC အသင်းနှင့် အနောက်ပိုင်း FC အသင်းမှ ဘောလုံးအားကစားသမားများ ယှဥ်ပြိုင်စကားကြရာ အနောက်ပိုင်း FC အသင်းမှ ကမာကလုတ် FC အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် ဆုရရှိသည့် အသင်းများအား ဆုချီးမြှင့်ခဲ့ကြရာ ပထမဆုရရှိသည့် အနောက်ပိုင်း FC အသင်းအား ဆုကြေးငွေကျပ် သိန်း ၃၀ နှင့် ဆုဖလားအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင်မှ ချီးမြှင့်ခဲ့ပြီး ဒုတိယရရှိခဲ့သော ကမာကလုတ် FC အသင်းအား ဆုကြေးငွေ ကျပ်သိန်း ၂၀ နှင့် ဆုဖလားအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူး ချမ်းမြေ့ဦးမှလည်ကောင်း တတိယဆုရရှိသည့် ကျုံကန်FC အသင်းအား ဆုကြေးငွေကျပ် သိန်း ၁၀ နှင့် ဆုဖလားအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်ရဲမှူးမင်းဇော်မှလည်းကောင်း တစ်ဦးချင်းအား ကစားထူးချွန်ဆု ရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာ၀န်ရှိသူများမှ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)