မိုးကောင်းမြို၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်‌ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိုးကောင်း ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်အုပ်ချုပ်‌ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို အရှေ့ရပ်ကွက်ရှိ အားကစားကွင်း၌ ဖေဖော်ဝါရီ(၁၂)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

တတိယလုပွဲစဉ်အဖြစ် ဗဒင်အသင်းနှင့် နဂါးညီနောင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ဗဒင်အသင်းတို့ အနိုင်ရပြီး၊ ဗိုလ်လုပွဲစဉ်အဖြစ် MOVING FC အသင်းနှင့် မာနမင်းသား A အသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားကြရာ MOVING အသင်းက အနိုင်ရှိသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသီဟဇော်နှင့် တက်ရောက်လာသည့် ဧည့်သည်တော်များက ပိုက်ကျော်ခြင်း ပထမ၊ ဒုတိယနှင့် တတိယအနိုင်ရရှိသည့် အသင်းတို့အား ဆုတံဆိပ်၊ ဆုကြေးငွေနှင့် လည်ဆွဲတို့အား အသီးသီးချီးမြှင့်ကြသည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်‌ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ(၉)ရက်မှ အသင်း(၁၇)သင်းကို အုပ်စု(၄)အုပ်စုဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ဗိုလ်လုပွဲစဉ်နှင့် ပထမ၊ ဒုတိယနှင့် တတိယအနိုင်ရအသင်းများအား ဆုချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)