အဖျောက်မြို့၌ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တိုက်ကြီး ဖေဖော်ဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊  တိုက်ကြီးမြိုနယ်၊ အဖျောက်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အဖျောက်မြို့ ဧရာမင်းအားကစားကွင်းတွင် ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲကို ရင်ခုန်သံအသင်းနှင့် Warrior FC အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရင်ခုန်သံအသင်းက ပထမဆုကို ဆွတ်ခူးရရှိသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က ပထမဆုရ ရင်ခုန်သံအသင်းကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းမောင်နှင့် တာဝန်ရှိသူများက အကောင်းဆုံး အားကစားသမားဆုများနှင့် ဒိုင်အဖြစ် ကူညီဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ဒုတိယဆုရ Warrior FC အသင်းကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်ဝေက တတိယဆုရ Globel One Plus အသင်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပထမဆုကို ငွေသားကျပ် ၁၀ သိန်း၊ ဒုတိယဆုကို ငွေသားကျပ် ၇ သိန်း၊ တတိယဆုကို ငွေသားကျပ် ၅ သိန်းနှင့် စတုတ္ထဆုကို ငွေသားကျပ် ၃ သိန်း အသီးသီး ချီးမြှင့်နိုင်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)