ကော့မှူးမြို့နယ် မွေးမြူရေးဇုန်၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဇီဝလုံခြုံမှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကော့မှူး ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊‌ ကော့မှူးမြို့နယ် မွေးမြူရေးဇုန်အုပ်ချုပ်မှုရှင်းလင်းဆောင်ခန်းမ၌ ယမန်နေ့နံနက်က တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဟောပြောပွဲ အား ကျင်းပခဲ့‌ကြောင်း သိရသည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Dr.မင်းသိမ်းမော်မှ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်း၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး Dr.မင်းညွန့်ဦးမှ ဇီဝလုံခြုံမှုနှင့် လုပ်ဆောင်ရမည့် အချက်အလက်များ ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ ခရိုင်ဦးစီးမှူး Dr.‌ မောင်လင်းမှ ဇီဝလုံခြုံမှု အကြောင်း အရာများအား Power Point ဖြင့် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ပြီး တက်ရောက်လာသော မွေးမြူသူများမှ သိရှိလိုသည် များကို ဆွေးနွေးမေးမြန်းကြပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)