ကော့သောင်း ဖေဖော်ဝါရီ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်(၇)နာရီက ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဂုဏ်ပြုတပ်ဖွဲ့၊ ဘင်ခရာတပ်ဖွဲ့များဖြင့် နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား/သူလေးများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/မများနှင့်ကျောင်းသားသူများ၊ ပြည်သူများက နိုင်ငံတော်အလံအား အလေးပြု၍ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးများ၊ ရဲဘော်များအား စုပေါင်းညီညာစွာ ဦးညွှတ်အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား ကော့သောင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)