ပူတာအိုမြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ

ပူတာအို ဖေဖော်ဝါရီ ၁၃

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ အလံတင်အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲနှင့် အားကစားပြိုင်ပွဲများအား ယမန်နေ့နံနက်ပိုင်းက သတ်မှတ်နေရာများ၌ ကျင်းပဆောင်ရွက်သည်။

ဦးစွာ  နံနက် (၅) နာရီခွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ကွင်းပြင်၌ အလံတင်အခမ်းအနားကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအားလွင့်ထူကြသည်။

ဆက်လက်၍ နံနက် (၇) နာရီတွင် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့်အဖွဲ့ဝင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများနှင့် ကျောင်းသား ကျောင်းသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဦးဆောင်မှုဖြင့် နိုင်ငံတော်အလံအား အလေးပြုကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား ဖတ်ကြားသည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်လွင်နှင့်အဖွဲ့ဝင်များက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာစပ် ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရကျောင်းသားကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ဆက်လက်၍ နံနက် (၈) နာရီတွင် ခရိုင်ပြည်သူ့အားကစားကွင်း၌ အားကစားပြိုင်ပွဲများကျင်းပရာ မီတာ ၅၀၀၀ (ကျား/မ) အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀၊ ၂၀၀ (ကျား/မ) အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား ကျောင်းသူများအား ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွှန့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်