ရွှေကျင် ဖေဖော်ဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ နံနက်(၇)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပသည်။
အခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှဦးဆောင်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သည့် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျာဟိန်း မှဖတ်ကြားပေးသည်။ ထို့နောက် ရွှေကျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူလေးများက အကအလှများဖြင့် ဖျော်ဖြေပေးပြီး (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကျောင်းပေါင်းစုံ(ထက်.လယ်.မူ) စာစီစာကုံးပြိုင်ပွဲများတွင်ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများကိုပေးအပ်ချီးမြှင့်ပေးသည်။
သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားသို့ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများ(၃၀၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)