ပျော်ဘွယ် ဖေဖော်ဝါရီ ၁၃
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ အလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၇ နာရီက မြင်းဘက်ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ၏ ဂုဏ်ပြုတပ်ဖွဲ့ကဦးဆောင်၍ နိုင်ငံတော်အလံအလေးပြုခြင်းကိုဆောင်ရွက်ကြပြီး၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပိုသည့် သဝဏ်လွှာကိုဖတ်ကြားသည်။
ဆက်လက်၍ မြို့နယ်အားကစားကွင်းတွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကိုကျင်းပပြီး ဆုရရှိသည့်အသင်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုး၊ မြို့နယ်အားကစားမှူး ဒေါ်ခင်မျိုးဝင်းနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)