တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနား သို့တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၁

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ (၄) နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစား ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ကျော်ကျော်ဟန်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေးတို့က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဒေသခံပြည်သူများက ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှုပြကွက်များနှင့် မှတ်တမ်းဓါတ်ပုံများ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့်လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ် ကျေးမှုအမွေအနှစ်ပစ္စည်း များ နှင့် တူရိယာပစ္စည်းများ၊ ပိုလီတက္ကနစ်တက္ကသိုလ် (ထားဝယ်) မှပြသထားသည့် Product Show ၊ သင်ထောက်ကူပစ္စည်းများ၊ သင်ရိုးညွှန်း တမ်းနှင့် Reference Book များ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများစသည့် ပြခန်း (၁၇) ခန်းအား စိတ်ပါဝင်စားစွာလှည့်လည်ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ တီးခတ်ပေးသော ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများက ပြခန်းများကို စိတ်ပါဝင်စားစွာလာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းများကို ဖေဖော်ဝါရီ ၁၂ ရက်နေ့အထိ ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)