မိုးညှင်း ဖေဖော်ဝါရီ ၁၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်း၊ ဆုများချီးမြှင့်ခြင်းနှင့် တိုင်းရင်းသာရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ နံနက်(၇)နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် တက်ရောက်လာကြသည်များက နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်မှ ပေးပို့လာသည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က ဖတ်ကြားသည်။
ထို့နောက် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ထက်၊ လယ်အဆင့် ကဗျာပြိုင်ပွဲများတွင် ဆုရကျောင်းသားကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီးနောက် တိုင်းရင်းသားရိုးရာအကအဖွဲ့ (၆)ဖွဲ့မှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း