ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရီဘောလုံးကွင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
ဦးစွာ အလံတင်အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က မြန်မာနိုင်ငံတော်အလံလွင့်တင်ခဲ့ပြီး အခမ်းအနားသို့တက်ရောက်လာသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။ ဆက်လက်ပြီး နံနက် ၇ နာရီအချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့် ဘင်ခရာအဖွဲ့တို့က ဝန်ကြီးချုပ်အား ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့်ဇနီး၊ တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ မြို့တော်ဝန်စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းနှင့်ဇနီး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးနှင့်ဇနီး၊ သယံဇာတဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်ဇနီး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့်ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်းနှင့်ဇနီး၊ ဥပဒေချုပ် ဦးမြင့်အောင်နှင့်ဇနီး၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ကျော်စိုးဝင်း၊ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် Ms.Gao Ping၊ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ် Mr. Sundeep Kaushal Consul General၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်၊ နည်းပညာကောလိပ်၊ အခြေခံပညာကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ မိခင်နှင့်ကလေးအဖွဲ့များ၊ စစ်မှုထမ်းဟောင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသူများ၊ တပ်မတော်ဂုဏ်ပြုတပ်ဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား ၂၅၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။
အလင်းသစ်
(ချမ်း/စည် ပြန်/ဆက်)