တံတား ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ သန်လျင်တပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ အမှတ်(၁) ရပ်ကွက်အတွင်းရှိ ဝိဇ္ဇာဓမ္မသာသနာ့ဗိမ္မာန်၌ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့နံနက် (၉) နာရီမှ မွန်းလွဲ (၃) နာရီထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် သန်လျင်တပ်နယ်မှ အထွေထွေရောဂါကု ဆရာဝန် ဗိုလ်မှူးရန်လင်းအောင်နှင့် တပ်ဖွဲ့ဝင်များက သံဃာတော် (၃ ) ပါး၊ ကျား (၆၈ ) ဦး၊ မ(၁၀၁) ဦး၊ စုစုပေါင်း (၁၇၂) ဦးတို့ကို ကလေးရောဂါ၊ အရိုး၊ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သန်လျင်တပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး ဝင်းကိုလတ်၊ ကျောက်တန်းမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် -၁ ဗိုလ်မှူး ချမ်းမြေ့ဦး၊ မြို့အုပ်ချုပ်ရေးမှူး ဦးရန်အောင်မျိုးထက်နှင့် အဖွဲ့၀င်များ၊ တံတားနယ်မြေခံလုံခြုံရေးတပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)