ကိုကိုးကျွန်း ဖေဖော်ဝါရီ ၁၂
၂၀၂၆ ခုနှစ်၊ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ယနေ့နံနက်ပိုင်းက စတင်ကျင်းပခဲ့ကြောင်းသိရသည်။ ဦးစွာ နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကိုကျင်းပရာ အခမ်းအနားတက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အလံအားအလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဌဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှဖတ်ကြားပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့သည်။
ယင်းနောက် အခမ်းအနားအပြီးတွင် အခမ်းအနားတက်ရောက်လာသူများအား(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့သည်။အဆိုပါ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ကိုကိုးကျွန်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်နှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း (၁၁၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)