သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အား ဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကထုတ်ဝေသည့် သတင်းစကားအသိပညာပေးလက်ကမ်းစာစောင်များအား ၂၀၂၆ခုနှစ် ယနေ့တွင် ပြည်ထောင်စုနေ့အခမ်းအနား တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် သမိုင်းဝင် ပြည်ထောင်စုစာချုပ်၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ မိန့်ခွန်းကောက်နှုတ်ချက်၊ ၂၀၂၆ ခုနှစ် ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ ဆောင်ပုဒ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်တိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နှုတ်ချက် (၁၅-၁၀-၂၀၂၅) တို့ပါဝင်ကြောင်း သတင်းရရှိသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)