ဝေါမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

ဝေါ ဖေဖော်ဝါရီ ၁၂

၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ကျင်းပပြီး၊ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခမ်းအနားကို ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြုကြပြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့ သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ဖတ်ကြားပေးခဲ့သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ဝေါ)မှ Grade-(7) ကျောင်းသား၊ ကျောင်းသူများမှ စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်သီချင်းဖြင့် ကပြဖျော်ဖြေပေးပြီး၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် (ကဗျာ၊ပန်းချီ၊စာစီစာကုံး)ပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသူ၊ကျောင်းသားများကို တာဝန်ရှိသူများက ဆုများချီးမြှင့်၍ အခြေခံပညာအထက်တန်းကျောင်း(ဝေါ)မှ Grade-(7) ကျောင်းသား၊ ကျောင်းသူများမှ ပြည်ထောင်စု အင်အားသီချင်းဖြင့် ကပြဖျော်ဖြေပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဦးစီးအရာရှိ ဦးစိုးမိုးအောင်နှင့်ဝန်ထမ်းများက ​ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)