တောင်ငူ ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဖူဆယ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်က အမှာစကားပြောကြားပြီး ကျောင်းသူလေးများက ပန်းဖွားအကဖြင့် ဖျော်ဖြေကြသည်။ ထို့နောက် နည်းပညာတက္ကသိုလ်(တောင်ငူ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ဝင်းမွန်နှင့် ဆရာ၊ဆရာမများက အားကစားဒိုင်များကို အမှတ်တရလက်ဆောင်များပေးအပ်ပြီး ဆုရရှိသော ပြိုင်ပွဲဝင်အားကစားသမားများကို ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဖူဆယ်(အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ အုပ်စုအသင်း(၈)သင်း၊ ပိုက်ကျော်ခြင်း(အမျိုးသားနှစ်ယောက်တွဲ) ပြိုင်ပွဲတွင် ဘာသာရပ်ပေါင်းစုံမှ အုပ်စုအသင်း(၇)သင်းတို့ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)