ပေါင်းတည် ဖေဖော်ဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ သတ်မှတ်ချက်ကျော်လွန် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများအား စနစ်တကျ ဖျက်ဆီးခြင်းဆောင်ရွက်မှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အနောက်လမ်း မြေကွက်လပ်၌ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ထိန်းသိမ်းထားခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၁၁၁ (ခ) အရ သတ်မှတ်ချက်ကာလကျော်လွန်နေပြီဖြစ်၍ စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းဆောင်ရွက်ခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသစ်လွင်နှင့်အဖွဲ့ဝင်များ၊ ဖျက်ဆီးစာရင်းမှတ်တမ်းတင်ရေး ဘုတ်အဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းများအား စစ်ဆေးပြီးနောက် စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
ရွှေသား
ပေါင်းတည် (ပြန်/ဆက်)