လှည်းကူး ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ဖောင်ကြီး၊ ရတနာသိင်္ဃခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး) ဒေါ်မူမူမြင့်က အဖွင့်အမှာစကားပြောကြားကာ ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးက မီးဘေးလုံခြုံရေးအသိပညာပေးဆွေးနွေးပြီးနောက်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးယုလွင်က မီးငြိမ်းသတ်ရေးနည်းစနစ်များ၊ ဂတ်စ်မီးငြိမ်းသတ်နည်း၊ နောက်ဆုံးပေါ်နည်းပညာသုံး ပိုလန်နိုင်ငံထုတ် LUF NANOမီးသတ်စွမ်းအားသရုပ်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)ဖောင်ကြီးမှ ဒုတိယပါမောက္ခချုပ်ကြီး(စီမံခန့်ခွဲရေး)နှင့် အရာရှိကြီးများ၊ အရာထမ်းအမှုထမ်းများ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း(၂၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
အိရွှေစင်လတ်