သနပ်ပင် ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့ရှောင်လမ်းဈေးပိုင်းရပ်ကွက်ရှိ စူပါဇော်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ(၁) နာရီတွင် ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်းသားများက သစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး(ရွှေကျွန်း)အသင်းနှင့် (စွန်ပိ)အသင်းတို့က စတင်ယှဉ်ပြိုင်ကစားကြသည်။
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း(၈) သင်းကအုပ်စု(၂)အုပ်စုဖြင့် ဖေဖော်ဝါရီ(၁၂)ရက်ထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)