ခရမ်း ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခရမ်းမြို့မဈေးတွင် ပြုလုပ်ခဲ့ကြသည်။
ဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီအောင်က ဈေးအတွင်း မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဈေးသူ၊ ဈေးသားများ စည်းကမ်းတကျ လိုက်နာရေးတို့ကို အသိပညာပေးဆွေးနွေးပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားကာ ဈေးသူ၊ဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်ခြင်းကို လေ့ကျင့်သရုပ်ပြသကြသည်။ ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် အသုံးပြု၍ မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြလေ့ကျင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြသဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ရဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်စိုး၊ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးဇော်နိုင်ဦးနှင့် ဝန်ထမ်းများ ဈေးသူ၊ ဈေးသားများက ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၀)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သတင်းရသည်။
မြို့နယ် (ပြန်/ဆက်)