ကွမ်းခြံကုန်း ဖေဖေါ်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်ခြင်းများကို ယမန်နေ့ကဈေးပိုင်းရပ်ကွက် မြို့မဈေး၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်မျိုးထွန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျမီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဘူးအမျိုးမျိုးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များ မီးလောင်မှုမဖြစ်ပွားစေရန် လိုက်နာရမည့် အကြောင်းအရာများဟောပြောပြီး၊ မီးသတ်ဆေးဘူးအသုံးပြုနည်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းနှင့် မီးသတ်ပိုက်ခေါင်းများ လက်တွေ့ကိုင်တွယ်ခြင်းများ သရုပ်ပြသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလက်တွေ့သရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲတင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မျိုးထွန်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသိန်းထွန်းနှင့် ဌာနဆိုင်ရာများနှင့် သန္ဓေတပ်ဖွဲ့ဝင်များ ဈေးသူ/ဈေးသားများအား တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)