ကွမ်းခြံကုန်း ဖေဖေါ်ဝါရီ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စတုတ္တအကြိမ် ချေးငွေပြန်လည်ထုတ်ပေးခြင်းကို ယမန်နေ့က တော်ခရမ်းလေးကျေးရွာနှင့် တော်ခရမ်အနောက်၌ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းနှင့် ကျေးရွာတာဝန်ခံများမှ တော်ခရမ်းလေးကျေးရွာတွင် အသင်းသား (၂၂) ဦးအတွက် စတုတ္တကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းထုတ်ချေးငွေကျပ် (၁၁.၁) ကျပ်သန်းနှင့် တော်ခရမ်းအနောက်ကျေးရွာတွင် အသင်းသား (၂၆) ဦးအတွက် မြစိမ်းရောင်စီမံကိန်းထုတ်ချေးငွေကျပ် (၁၁.၁) သန်းကျပ်အား ထုတ်ချေးပေးခဲ့ခြင်းအား လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုသီတာလင်းက မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပြောခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)