လှိုင်မြို့နယ် အမှတ် (၂) မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လှိုင် ဖေဖော်ဝါရီ ၁၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၂) မူလတန်းကြိုကျောင်း၌ ရင်သွေးငယ်လေးများ၏ ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ လှိုင်မြို့နယ်မိခင်နှင့် ကလေး‌စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး လှိုင်မြို့နယ် မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရင်သွေးငယ်လေးများအား ကာယစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခဲ့ကြပြီး ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများကို လှိုင်မြို့နယ်မိခင်နှင့် ကလေး‌စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်တင်ဝင်းရီနှင့် အဖွဲ့ဝင်များက ဆုများပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင် (ပြန်/ဆက်)