ကျောက်တန်း ဖေဖော်၀ါရီ ၁၁
ကျောက်တန်းမြို့နယ်၌ မီးဘေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်းကို ကျောက်တန်းမြို့နယ် ဒဂုံ-သီလဝါလမ်းမကြီးတွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲကို ကျောက်တန်းမြို့နယ်၊ ဒဂုံ-သီလဝါလမ်းမကြီးတွင် ဖြတ်သန်းသွာလာလျှက်ရှိသော ဆီဘောက်ဆာယာဉ်များနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သီလဝါဆိပ်ကမ်းဒေသ စက်သုံးဆီသိုလှောင်ကန်ကြီးများရှိ ဆီဘောက်ဆာယာဉ်များအား မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် မှော်ဘီမြို့နယ်၊ ဘွက်ကြီးကျေးရွာအနီး၊ မြို့ရှောင်လမ်းတွင် ဖြစ်ပွားခဲ့သော ဆီဘောက်ဆာယာဉ်ဖြစ်စဉ်အား အသိပညာပေးဟောပြောခြင်းအား PPRD မှ ဒုတိယစစ်ဆေးရေးအရာရှိချုပ် ဦးဇော်မော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်းကျော် (ပြန်/ဆက်)