သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကအထူးကုဆေးခန်းနှင့် အထွေထွေရောဂါကုဆေးခန်းများ လိုင်စင်သစ်လျှောက်ထားခြင်း၊ သက်တမ်းတိုးခြင်းများ စစ်ဆေး

ရန်ကုန် ဖေဖော်ဝါရီ ၁၁

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ ပုဂ္ဂလိကပိုင်အထူးကုဆေးခန်းများနှင့် အထွေထွေရောဂါကုဆေးခန်းများ လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းကာ မြို့နယ်အတွင်းရှိ ပုဂ္ဂလိကပိုင်အထူးကုဆေးခန်းများနှင့် အထွေထွေရောဂါကုဆေးခန်းများ လိုင်စင်အသစ်လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ