မြစ်ကြီးနားမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး နှီးနွှယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁

သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာ‌ရေးကဏ္ဍမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သည့် အခါလုပ်ငန်းများ ယခင်နှစ်များထက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နှီးနွှယ် ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လုပ်ငန်းဆန်းစစ်သုံးသပ်မှုနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဝင်း၊ ဒုတိယပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး(ရောဂါ နှိမ်နင်းရေး) ဒေါက်တာဇော်ရိန်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွှယ်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြပြီး ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများအပေါ် ဒေသအလိုက် အားသာချက်၊ အားနည်းချက်များနှင့် လာ မည့် ၂၀၂၆ ခုနှစ်အတွက် ဒေသတွင်း ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ အရေးပေါ်ကျန်းမာရေးအဖွဲ့ ဖွဲ့စည်းမှု၊ အရေးပေါ် ဆေးနှင့် ဆေးပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိနိုင်ရေး၊ ရွေ့လျားဆေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် ထားသည့်အစီအစဉ်များ၊ ဘေးအန္တရာယ်ကျရောက်သည့်ဒေသများတွင်ကျန်းမာရေးစောင့်ရှောက် လုပ်ငန်းများအတွက် အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်သွားရမည့် နည်းလမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် ကြိုတင်ပြင်ဆင်မှု အပိုင်း တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ တုံ့ပြန်ဆောင်ရွက်မှုအပိုင်းတွင် ဆောင်ရွက်သွားမည့် နည်းလမ်းများအပေါ် ပိုမိုတိုးတက်အောင်မြင်အောင် စနစ်တကျ ဖွဲ့စည်းစီမံဆောင်ရွက်နိုင်ရေး အကြံပြုဆွေး နွေးခြင်း၊ သုံးသပ်ရှင်းလင်းဆွေးနွေးခြင်းတို့ကို ‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)